Bible Confluence: FrontPage

        BIBLE CONFLUENCE




Bible Confluence / Myanmar / Myanmar Bible / Web / Ezekiel  

Ezekiel, Chapter 2

Bible Confluence - Ezekiel 2 - Myanmar - Myanmar Bible - Web
 
 
 
 
Comment!       Comment Disqus!
2:1 ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။
2:2 ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
2:3 အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။
2:4 ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။
2:5 သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။
2:6 အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။
2:7 သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။
2:8 အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊
2:9 ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။
2:10 ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။


Search in:
Terms:

Vote and Comment on Facebook:Recommend This Page:
Post on Facebook Add to your del.icio.us Digg this story StumbleUpon Twitter Google Plus Post on Tumblr Add to Reddit Pin this story Linkedin Google Bookmark Blogger
Insert Your Personal Insight:

Please do not make mean comments and follow the biblical and spiritual character of this forum. If, however unpleasant situations arise, we request to flag it to us in order to evaluate the situation.

Text source: This text is in the public domain, downloaded from http://www.unboundbible.org, compiled by biblephone2008@gmail.com.

This project is based on delivering free-of-charge the Word of the Lord in all the world by using electronic means. If you want to contact us, you can do this by writing to the following e-mail: bible.confluente.ro@gmail.com
DAILY READING MYANMAR BIBLE



SELECT VERSION

COMPARE WITH OTHER BIBLES